Ai နဲ့ Professional အလုပ်များ




အေအိုင်ခေတ်ရောက်လာတော့လည်း ကိုယ်လုပ်နေတဲ့အလုပ်တွေကလိုပါအုံးမလား ဖန်တီးမှုအနုပညာလုပ်တဲ့သူတိုင်း တွေးမိကြမှာပဲ . .

အဲမှာပဲကိုယ့်ရဲ့ အတွေးစလေးတွေပေါ်လာတယ်။

အေအိုင်မပေါ်ခင်က ပြောနေတဲ့စကားလေးတစ်ခွန်းရှိတယ်။

အဲတာကိုပဲပြန်ပြောရမှာပဲ

လူတိုင်းထမင်းချက်တတ်နေလည်း ထမင်းဆိုင်တွေရောင်းကောင်းနေတာပါပဲ

ဘာကွာလဲဆိုတော့ ဝန်ဆောင်မှုပေးတဲ့ System ကွာမယ် အခြားဆက်တွေးရင်အများကြီးပေါ့

အသင့်စားခေါက်ဆွဲထုတ်တွေပေါ်လာတော့ လူတိုင်းအချိန်မရွေးနေရာမရွေး ညသန်းခေါင်လည်းခေါက်ဆွဲစားလို့ရသွားတယ်။ မီးဖိုဆောင်၊ ဆီ၊ ဒယ်အိုးတွေမလို ကြိုပြင်စရာတွေမလိုတော့ဘူး။

ဒါပေမယ့် ဆိုင်ကခေါက်ဆွဲကြော်ကပျောက်သွားလားဆိုတော့ တူမှမတူတာ၊ ခေါက်ဆွဲကြော်အပြင် မားမားကြော်တောင် ပိုတိုးရောင်းလို့ရသွားတယ်။

ပြောနေရင်းဗိုက်ဆာလာပြီ . . .

အဲလိုပဲ အေအိုင်ခေတ်မှာ အများစုက အသုံးများတဲ့ တီထွင်ဖန်တီးမှုတွေကိုလက်လှမ်းမှီလာလိမ့်မယ် ဖေဘုတ်ပေါ်မှာ ပိုတ်တင်ဖို့ ကိုယ်တိုင်ဒီဇိုင်းတွေဖန်တီးလာနိုင်မယ်။ Photography, ရုပ်ရှင်နဲ့ပက်သက်တဲ့ အပိုင်းတွေ၊ကွန်တန့် idea တွေ၊ အခြေခံ မားကတ်တင်း တွေလုပ်နိုင်လာမယ် အခြားနယ်ပယ်တွေမှာလည်းအတူတူပေါ့ အေအိုင်အကူအညီနဲ့ သီချင်းတွေရေးနိုင်လာမယ် ကုတ်တွေရေးနိုင်လာမယ် ဇတ်ညွန်းတွေ ပုံပြင်တွေ ကဗျာတွေ အစုံပေါ့။ ဒါတောင်စက်ရုပ်တွေနဲ့တွဲပြီး physical လုပ်တဲ့ဟာမပါသေးဘူး။

အဲတော့ အပေါ်ကပြောတဲ့ခေါက်ဆွဲလိုပါပဲ။

အေအိုင်ကိုသုံးပြီး user level အလုပ်တွေတော်တော်များများလုပ်နိုင်လာပါလိမ့်မယ်။ အဲထက်မြင့်တဲ့ အလုပ်မျိုးတွေကျတော့ ကျွမ်းကျင်မှု နဲ့အတွေ့အကြုံတွေ ခံစားချက်တွေ သူ level အလိုက်သိဖို့ လိုပါတယ်။

သိရုံပဲလား သက်ဆိုင်ရာ Tool တွေ ကိုဆက်လက်ကျွမ်းကျင်ဖို့လိုသေလားဆိုတဲ့အပိုင်းမှာတော့ Ai ကထွက်လာတဲ့ Result က လူကထွက်လာတဲ့ Result လောက် မကောင်းတာ မကိုက်ညီတာရှိလာရင် လူကနေပြီး ဆက်လက် ပြင်ဆင်တည်းဖြတ်ဖို့ သက်ဆိုင်ရာ Tool တွေနဲ့ ပြင်ဆင်ဖို့ လိုပါမယ်။ အလုပ်တွေတော့ ၉ လောက်လျော့သွားလို့ ဖန်တီးမှုနဲ့ ကွာလတီပိုင်းကိုပိုအာရုံစိုက်နိုင်လာတာကောင်းတဲ့တစ်ချက်ပါ။


အေအိုင်ကိုပစ်ပယ််လို့ မရသလို လုံးလုံးမှီခိုလိုက်လို့လည်းမရပါဘူး

ဘယ်လိုလုပ်ရမလဲ

အေအိုင်ကိုသင်ယူပြီး ကျနော်တို့ရဲ့ ကျွမ်းကျင်မှုတွေ အတွေ့အကြုံတွေနဲ့ ပြန်လည်ပေါင်းစပ်ရမှာပါ။ အလုံးစုံအလိုအလျောက် လုပ်နိုင်တယ် ဆိုရင်တောင်မှ ပြန်လည်စီစစ် တည်မတ်ပေးတဲ့ လူသား operator တစ်ယောက်က လိုအပ်နေအုံးမှာပါ။

အေအိုင်ကိုသုံးပြီး နားမလည်တာတွေ မေးမြန်းဆွေးနွေးနိုင်တာ၊ ဘာသာစကားလေ့လာနေတဲ့သူတွေအတွက် အေအိုင်နဲ့အပြန်အလှန် စကားပြောပြီးလေ့ကျင့်နိုင်တာ မျိုးတွေပေါင်းစပ်အသုံးပြုလို့ရပါတယ်။


အနာဂါတ်

အေအိုင်က ဘယ်အထိ ရောက်နိုင်မလဲခန့်မှန်းနေမိတယ်။ တကယ်တမ်း ဘယ်အထိ ရောက်နိုင်မလဲဆိုကတော့ အေအိုင်ကိုတီထွင်ခဲ့တဲ့သူတွေ အေအိုင်ဖွံ့ဖြိုးအောင်လုပ်နေတဲ့သူတွေတောင် တိတိကျကျမခန့်မှန်းနိုင်သေးပါဘူး

ပြောနိုင်တာတစ်ခုကတော့ နည်းပညာအသစ်တစ်ခုပေါ်လာတိုင်း ကျနော်တို့ဘဝတွေက ပိုပိုလွယ်ကူသွားတယ်။ ပိုအဆင့်မြင့်လာတယ်။ မီးလိုပဲ အကိုင်အတွယ်မတတ်ရင်တော့ ဆိုးကျိုးတွေရှိလာနိုင်တာမို့ သက်ဆိုင်ရာအဖွဲတွေက စည်းမျဥ်းစည်းကမ်းတွေ လိုက်တာသင့်တာတွေကို ဖော်ထုတ်သတိပေးတာတွေလည်း အမြန်လုပ်နေကြတယ်။

အဆုံးသတ်အနေနဲ့ . .တစ်ကြောင်းတည်းပြောရရင်တော့

ဘာမှကိုယ်ပိုင်မစဥ်းစားတတ်တော့ပဲ အေအိုင်လွှမ်းမိုမှုခံရတဲ့ လူညံ့တစ်ယောက်အဖြစ်မခံပဲ

အေအိုင်ကို အသုံးချနိုင်တဲ့ Boss တစ်ယောက်ဖြစ်အောင်

ကျနော်တို့ကြိုးစားဖို့လိုပါမယ်။









Previous Post Next Post

Random Manga

Ads text

نموذج الاتصال