llustrator ကိုသင်ကြားရင်း ချစ်စရာ Chibi Character လေးတွေ
ရှူခင်းပုံလှလှလေးတွေဆွဲကြမယ်။
Logo တွေဆွဲရင်း Brand တွေအကြောင်းလေ့လာကြမယ်။
ဒါအပြင် ဘောင်ချာတွေ၊ ပန်းဖလက်တွေ၊ လိပ်စာကတ်တွေ နဲ့ PDF စာအုပ် တွေအထိပါလုပ်တတ်အောင် သင်ပေးအုံးမှာပါ။
ပြီးရင်တော့ အလုပ်ရှာရင် အဆင်ပြေဖို့ Portfolio လုပ်နည်းပါ သင်ပေးအုံးမှာဆိုတော့ ဘယ်လိုပြောမလဲ . . အရမ်းကောင်းတဲ့သင်တန်းလေးတစ်ခုပါ။
သင်ရိုးအသေးစိတ်
illustrator ဆိုတာ Photoshop လိုပုံတွေကို ဖြတ်ညှပ်ကပ် လုပ်ရတာမဟုတ်ပဲနဲ့
ကိုယ်တိုင်ရေးဆွဲရတဲ့ Program တစ်ခုဖြစ်လို လုပ်ငန်းနယ်ပယ် အစုံမှာ အသုံးဝင်တဲ့ Program တစ်ခုပါ။
ဘာတွေဖန်တီးနိုင်မလဲဆိုတော့
Map and Flags
အခြေခံ အဝိုင်းလေးထောင့်စတဲ့ shape များကို လေ့လာရင်း တည်နေရာမြေပုံများ အလံများ ရေးဆွဲမှုကိုလေ့လာရမှာပါ။
Vector landscape
လှပတဲ့ Vector ရှူခင်းပုံ၊ သီတင်းကျွတ် စသည့်အထိမ်းအမှတ်ပုံများရေးဆွဲခြင်း
Icons
UI/UX ဒီဇိုင်းနဲ့ Logo ဒီဇိုင်းမှာအခြေခံဖြစ်လာမယ့် Icons ပုံများကို illustrator ရဲ့ Advance Tool များ အသုံးပြုပုံကိုလေ့လာရင်း ရေးဆွဲမယ့်သင်ခန်းစာပါ။
Drawing Basic
Logo, Design, illustration တွေဖန်တီးရာမှာ အစပြုတဲ့ Idea sketch ပုံကြမ်း ကိုရေးဆွဲဖို့နဲ့ ပို detail ကျတဲ့ illustration art work တွေဖန်တီးရာမှာ လိုအပ်တဲ့ အခြေခံပုံဆွဲနည်းပါ ထည့်သွင်းသင်ကြားပေးသွားမှာပါ။
Vector Portrait
ပုံတူ Vector ပန်းချီ နဲ့ ရေးဆွဲဖန်တီးခြင်း ကို ထုထည်အလင်းအမှောင်သဘောတရားများနဲ့ လက်တွေ့ရေးဆွဲရမှာဖြစ်ပါတယ်။
Chibi Drawing
စိတ်ကူးထဲကဇာတ်ကောင်ပုံစံလေးတွေဖန်တီးဖို့ Character Design ကို Chibi Character လေးတွေရေးဆွဲဖန်တီးမှုကို လက်တွေ့သင်ကြားရမှာပါ။
Pattern and Design
အခြေခံအဆင့် အထည်လိပ်များ၊ ချိတ်အဆင်များ ဖန်တီးရေးဆွဲမှုကို လေ့လာရမည်ဖြစ်ပါတယ်။ (အမြင့်ပိုင်းကတော့ သူဘာသာရပ်နဲ့သူသီးသန့်လေ့လာနိုင်ပါတယ်)
Logo and Branding
Logo ဆိုတာ Company (or) Brand တစ်ခုအတွက် မျက်နှာတစ်ခုနဲ့တူပါတယ်။
ဒီ Logo Branding သင်ခန်းစာမှာတော့ Logo တစ်ခုကို Professional ဆန်ဆန် ရေးဆွဲတတ်အောင် အထူးလေ့ကျင့်သင်ကြားပေးမယ့်အပြင်။
စီးပွားရေးလုပ်ငန်းများ၏ Branding တည်ဆောက်ပုံ (Branding)
Brand တစ်ခုကို မှတ်မိအောင် တူညီတဲ့ ဒီဇိုင်း တည်ဆောက်ပုံကိုအသုံးပြုခြင်း
(Brand Identity and Brand Guideline)
စတာတွေကိုသင်ကြားရမှာပါ။
Printing Design/Packaging Design
လိပ်စာကတ်, Letter Head, ဘောင်ချာ, ပန်းဖလက်၊ Zip Bag, Packaging Box စသည့် ဒီဇိုင်းများရေးဆွဲနည်းကို ဆိုဒ်အချိုး နှင့် ကာလာ ယူနည်းမှအစ သတိထားရမည် အချက်များပါ ထည့်သွင်းသင်ကြားသွားမည်ဖြစ်ပါသည်။
Indesign
အထက်ပါ illustrator သင်ရိုးများသာမကပဲ Portfolio, Menu, Magazine, Product Catalog, Company Profile စသည့် စာမျက်နှာများစွာပါဝင်သည့် Layout ဒီဇိုင်းများဖန်တီးနိုင်အောင်လည်း Indesign Software ကိုပါ ဖြည့်စွက်သင့်ခန်းစာအနေနဲ့သင်ကြားပေးပါတယ်။
Portfolio
Portfolio ဆိုတာ ဒီဇိုင်းနာတစ်ယောက်, ဒါမှမဟုတ် မော်ဒယ် သရုပ်ဆာင်, ဓတ်ပုံဆရာ ပန်းချီဆရာများ စသည့် ဖန်တီးမှုနယ်ပယ်မှာလုပ်ကိုင်နေသူများအတွက် မိမိ၏လုပ်နိုင်စွမ်းနှင့် အရည်အချင်း မိမိဖန်တီးထားသော ဒီဇိုင်း illustration နှင့်အခြားအနုပညာများစုစည်းထားသည့် Collection တစ်ခုပါ။
ယခုသင်တန်းမှာဆိုရင်လည်း Designer တစ်ယောက်၏ အရည်အချင်းနှင့် Talent ကိုအကောင်းဆုံးဖော်ပြနိုင်ရန် Portfolio တစ်ခုကို ဘယ်လို စနစ်တကျ တည်ဆောက်ရမလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။
